Sunday, July 28, 2013

ရင်ခုန်သံ စာသား ရေအလျင်မှာ မျောပြီး စိတ်တွေကို ဒုံးဒုံးချလို့ပေါ့ .....

ရင်ခုန်သံ စာသား
ရေအလျင်မှာ မျောပြီး စိတ်တွေကို ဒုံးဒုံးချလို့ပေါ့ .....
ဘ၀က ပေါ့ပါးပါတယ် ....
လေအလျင်မှာ မျောပြီး စိတ်တွေ လေလွင့်လို့ပေါ့ ....
ဘ၀က ပေါ့ပါးပါတယ် ...
ကမ်းမရှိတဲ့ ရေအလျင် ရဲ့ စီးဆင်းမှုတွေ နောက်မှာ ....
မျောပါလို့ တိမ်တွေကို ကောက်ရိုးတစ် မျှင်အနေနဲ့ ဆုပ်
ဆွဲ လိုက်ချင်တယ် .....
ငါ့အတွက် တံခါးမရှိ ဓါးမရှိတဲ့ ရင်ခွင်တစ်ခု ရှိတယ်ဆိုရ
င် အဲဒါဘယ်မှာလဲ ....
မိဘလား .... ညီအစ်ကို မောင်နှမလား .... ချစ်သူလာ
း .... သူငယ်ချင်းတွေလား ....
တစ်ခါတစ်လေ အရာရာ ဖြစ်နိုင်သလို .... တစ်ခါခါမှ
တစ်ခုမှ မဖြစ်နိုင်ဘူး ....
ကိုးကွယ်ရာ အမှန်က ငါကိုယ်တိုင်ပဲ ဖြစ်မှာပါ ...
မိုးစက်တွေက လေနဲ့ အတူ ပြတင်း မှန်ကို ရိုက်ခတ်ကြ
တယ် ....
ရင်ခွင်ကို လေနဲ့ အတူ မာနတွေက ရိုက်ခတ်ကြတ
ယ် ....
ပြတင်းမှန်က တင်းခံနိုင်ပေမယ့် ....
ရင်ခွင်ကတော့ တစ်စက်စက်နဲ့ .... အချိုင့်တွေ ထင်လာ
တတ်တယ် ....
လွမ်းပါတယ် ... အတိတ်ရယ် ....
မျှော်လင့်နေပါတယ် .... အနာဂတ်ရယ် ....
ငါ့အတွက်တော့ ..... လက်ရှိထက် အသေချာဆုံးက ဘ
ာမှ မရှိနိုင်တော့ပါဘူး...
ကြမ်းတမ်းတဲ့ ခရီး ရှည်ကြီးတွေ .... နူးညံ့သော ချစ်သူ
လက်တစ်စုံဖြင့် ....
တကယ်ဆို ငါသွေးတွေရဲပါတယ် .... မင်းခြေဖ၀ါးတော်
နုနု သွေးခြေ မဥစချင်လို့ပါ။

Published with Blogger-droid v2.0.10

No comments:

Post a Comment