Sunday, July 28, 2013

ကြိုက်မိတဲ့ စာသားများ


ကိုယ့်နှုတ်ခမ်းကို ဖွဖွလေးကိုက်ထားမိချိန်ဟာ ဘ၀ကို နူး
ညံ့စွာ ကြည့်မိတဲ့ အချိန်ပါပဲ။
တစ်ချို့က မှောင်လွန်းလို့ ဘာမှ မမြင်ရဖြစ်နေကြတာ။ ကျ
ွန်တော်က လင်းလွန်းလို့ ဘာမှ မမြင်ရဘူးဖြစ်နေတယ်။
ချစ်တတ်တဲ့ နှလုံးသားနဲ့ လွမ်းတတ်တဲ့ နှလုံးသားဟာ
တစ်ခုတည်းရှိတယ်။
အချစ်ဆိုတာ ပန်းဘာသာနဲ့ ရေးထိုးထားတဲ့ အလျို့ဝှက်
ဆုံး အက္ခရာတစ်လုံးဖြစ်တယ်။
လူတစ်ယောက်ဟာ ဘယ်ရွေ့ဘယ်မျှအထိ
ကြိုးတစ်ချောင်းနဲ့ ညှိနေမလဲ
ရနိုင်မယ်ဆိုရင်
မျက်နှာကို လက်နဲ့အုပ်ပြီး
လက်ချောင်းတွေကြားက ချောင်းကြည့်ချင်တယ်။
အမှားကို ထပ်ခါထပ်ခါ လက်ခံထားလိုက်ရင် ကြာတော့
အားလုံး အမှန်ဖြစ်သွားတယ်။
ဟာကွာ ! အားပါးတရ စုထားတဲ့အပြုံးကို ဘယ်သူ ရေခဲ
တုံးဖြစ်အောင် ရိုက်ပစ်တာလဲ။
မှားတယ် ဆိုရင် ဘာကြောင့်မှားကြောင်း မှန်တယ်ဆိုရင်
ဘာကြောင့်မှန်ကြောင်း ပြောနိုင်ရမယ်။ မှားတယ် မှန်တ
ယ်လို့ သူများနောက် ရောယောင်ပြီး လိုက်ပြောတာ လူ
ညံ့ပဲ။
လူတစ်ယောက်ဟာ အလွန်ကြီးမားတဲ့ ကျောက်တုံးတစ်
တုံးကို နေပူမရှောင် မိုးရွာမရှောင် နေ့မအား ညမနားတ
ွန်းနေပေမယ့် ကျောက်တုံးဟာ မရွေ့ခဲ့ဘူး။ သင်လုပ်နေ
တဲ့ အလုပ်တွေ အဲလိုမဖြစ်စေနဲ့။
ကျွန်တော် မသိတဲ့အရာတွေနဲ့ ခြင်းတောင်းတစ်လုံးအပြ
ည့်ထည့်ထာ
းတဲ့ အိပ်မက်ဟာ မနေ့ညက ကျွန်တော်ရဲ့ ဘယ်ဘက်ပခုံ
းအောက်နားလေးကို ချောင်းပစ်သွားတယ်။ အပေါင်လေ
းတစ်ပေါက်နဲ့ သွေးအနည်းငယ် ထွက်ကျလာတယ်။ သူ
တို့ ပြောတော့ အချစ်တဲ့။
အပြစ်ပြောလွန်းသူလောက် အပြစ်ကျူးလွန်တဲ့သူဟာဖြင့်
ရှိကို မရှိသေးဘူး။
နှစ်ကိုယ်တူ တဲအိုပျက်မှာ ထမင်းရည်လျက်ရ လျက်ရ ဆို
တာ ခပ်နုံနုံယောက်ျားတွေရဲ့ သွေးဆောင်ဖျားယောင်မ
ှုဆိုတာ မှတ်ထားပါ။
ဝက်ဝံဟာ ခုန်ဖို့ မကြိုးစားဘူး။ မြင်းဟာ အတိုင်းအတာေ
ကျာ်တဲ့ စည်းရိုးကို မကျော်ဘူး။ ငါးဟာ ကောင်းကင်ပျံဖို့
မကြိုးစားဘူး။ ငှက်ဟာ သမုဒ္ဒရာ ကြမ်းပြင်ကို လေ့လာဖို့
မလုပ်ဘူး။ အချစ်ကတော့ အားလုံးလုပ်တယ်။
အလှအပဟာ မျက်စိရဲ့ အာဟာရဖြစ်ပြီးတော့ စိတ်ဝိညာ
ဏ်ကို သောကရောက်စေတဲ့ အရာဖြစ်တယ်။
လူတစ်ယောက်ကို ခွင့်လွတ်တယ်လို့ ပြောလိုက်တာဟာ
အမှားကို ဆက်လက်ကျူးလွန်ခွင့် ပေးလိုက်တာ ဖြစ်ပါတ
ယ်။ မကျူးလွန်တော့မယ့်သူအတွက်တော့ သူ့ဟာသူ ခွင့်
လွတ်တယ်။

Published with Blogger-droid v2.0.10

No comments:

Post a Comment