Wednesday, August 7, 2013

ကတိတည်တယ်

`ငါတို့ လမ်းခွဲကြရအောင်´ ကောင်မလေး က ပြောလို
က်တယ်။
`ကောင်းပြီလေ...နောက်ဆုံးအနေနဲ့ ငါတို့တွေ လက်ဆ
ွဲနှုတ်ဆက်ကြရအောင်´
သူမ လက်ကမ်းပေးတယ်။
သူ က သူမ လက်ကို တင်းတင်းဆုတ်လိုက်တယ်။
သူ ရယ်ပြီး..
`နင့် လက်ကို ငါ့ လက်ထဲက ရုန်းထွက်နိုင်ရင် ငါတို့ လမ်
းခွဲကြတာပေါ့´
သူမရုန်းတယ်။ အားနဲ့ ရုန်းတယ်။ နောက်ဆုံး သူမ ဒေါ
သထွက်လာပြီး
`ငါ့လက်တွေအရမ်းနာတယ် ဆိုတာ နင်မသိဘူးလား´
သူ က သူမ လက်ကို ချက်ခြင်း လွတ်ပေးလိုက်တယ်။
သူမ ရဲ့ မျက်လုံးတွေ
ကိုစိုက်ကြည့်ပြီး..
`နင့်ကို ငါ...ချစ်တယ်... နင်နာကျင်အောင် ငါဘယ်လုပ်
ရက်ပါ့မလဲ´
ပြောပြီးတာနဲ့ သူ...သူမ ကို ကျောခိုင်းထွက်သွားတယ်။
သူမ နားလည်လိုက်ပါပြီ။ သူမ အသံကျယ်ကျယ်နဲ့အော်
မိတယ်။
`ငါ..မှားတယ်... ငါတို့ လမ်းမခွဲတော့ဘူး...´
သူ...နောက်လှည့်ပြီး သူမ ကိုပြောလိုက်တယ်။
`ငါ...နင့်လက်တွေကို ခုလေးတင် လွတ်ပေးလိုက်ပြီလေ
၊ ငါကတိတည်တဲ့ သူဆိုတာ
နင် မေ့နေပြီလား´
သူမ မျက်လုံးထဲမှာ...သူ တဖြည်းဖြည်း...၀ိုးတ၀ါး..ပျော
က်ဆုံး။ ။
သိုးငယ

Published with Blogger-droid v2.0.10

No comments:

Post a Comment